ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဆယ်ကျော်သက်အရွယ်ကလေးများ လမ်းသရဲဆန်ဆန် အဖွဲ့လိုက်ဖွဲ့ပြီး ညဘက်ခင်းအကင်နှင့်ပင်လယ်စာရောင်းသည့် ဈေးသည်များထံ ပစ္စည်းများလုယူသည့်အထိပါ လုပ်ဆောင်နေသည်။ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၌ ဒီဇင်ဘာလ(၉)ရက်နေ့ညတွင် အကင်နှင့်ပင်လယ်စာရောင်း နေ့သည့်ဈေးသည်တစ်ဦးထံ ဆိုင်ကယ်ကလစ်(၃)စီးနှင့် လူငယ်တစ်စုက ထိုဈေးသည် ရောင်းသည့် ပင်လယ်စာဗန်းများ လုယူသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ထိုဈေးသည်က အကင်ရောင်းနေစဥ်အတွင်း လူငယ်များက ရုတ်တရက်လာလုယူသွားပြီး ထိုအချိန်က အိမ်နီးနားချင်းများသည်လည်း ကိုယ်စီခြံတံခါးပိတ်ထားကြပြီဖြစ်သဖြင့် လုံခြုံရေးလည်း စိုးရိမ်နေရကြောင်း ၄င်းကဆက်ပြောသည်။



