ဒီနေ့ နေ့လယ် ၃ နာရီခွဲအချိန်မှာ ယှဥ်ပြိုင်ကစားမယ့် အုပ်စု B ရဲ့ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဗီယက်နမ်အသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ပွဲစဥ်မှာ အကယ်၍ သရေ ကျသွားခဲ့မယ်ဆိုရင်တော့ ဗီယက်နမ်အသင်းနဲ့ မလေးရှား နှစ်သင်းလုံးကတော့ အကြိုဗိုလ်လုပွဲ အဆင့်ကိုတက်ရောက်သွားနိုင်မှာဖြစ်ပြီး နံနက်ဖြန်မှာ ယှဥ်ပြိုင်ကစားမယ့် အင်ဒိုနီးရှားအသင်းနဲ့ မြန်မာ၂ သင်းလုံးရဲ့ အကြိုဗိုလ်လုပွဲ အိမ်မက်ကတော့ ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ SEA Games အမျိုုးသားဘောလုံးပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲကို အုပ်စု ၃ စုရဲ့ ပထမရတဲ့ ၃ သင်းနဲ့ အကောင်းဆုံး ဒုတိယရတဲ့တစ်သင်းတို့ စုစုပေါင်း ၄ သင်း တက်ရောက်ခွင့်ရမှာဖြစ်ပြီး ဗီယက်နမ် နဲ့ မလေးရှားအသင်းတို့သာ သရေကျသွားခဲ့မယ်ဆိုရင် ၂သင်းလုံး ၄ မှတ်ကိုယ်စီရရှိသွားကြမှာဖြစ်ကာ ဂိုးကွာခြားချက်အရ မလေးရှာအသင်းက အုပ်စုပထမနဲ့ ဗီယက်နမ်အသင်းက အကောင်းဆုံး အုပ်စုဒုတိယနေရာနဲ့ တက်ရောက်သွားနိုင်မှာပဲဖြစ်ပါတယ်။



