back

ပြည်တွင်း၌အိမ်သုံး LPG ဂက်စ်များ စျေးနှုန်းမြင့်တက်လာသော်လည်း သုံးစွဲသူအများအပြားရှိနေဆဲ

Dec 11 • 7:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌အိမ်သုံး LPG ဂက်စ်များ စျေးနှုန်းမြင့်တက်လာသော်လည်း သုံးစွဲသူအများအပြားရှိနေဆဲ

ပြည်တွင်း၌LPG ဂက်စ်များဖြင့် အားထားချက်ပြုတ်သုံးစွဲသူများလာသလို ဂက်စ်စျေးနှုန်းများမြင့်တက်လာသော်လည်း အသုံးပြုနေသူ အများအပြားရှိနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့အတွင...

ပြည်တွင်း၌LPG ဂက်စ်များဖြင့် အားထားချက်ပြုတ်သုံးစွဲသူများလာသလို ဂက်စ်စျေးနှုန်းများမြင့်တက်လာသော်လည်း အသုံးပြုနေသူ အများအပြားရှိနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့အတွင်းရှိ မီးဖိုချောင်သုံးဂက်စ်မီးဖိုနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။အသုံးပြုသူအများစုမှာ ဘူးအသေးများကို ပြန်လည်ဖြည့်သွင်း၍သုံးစွဲခြင်းများရှိပြီး အဆိုပါဘူးအသေးများ၏ ဂက်စ်ဖြည့်သွင်းခမှာလည်း ၂၀၂၁ ခုနှစ်အရှေ့ပိုင်းက ၃၅၀ မှ ၄၀၀ ကျပ်သာရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နေရာဒေသပေါ်မူတည်၍ တစ်ဘူးလျှင် ၁၂၀၀ ကျပ်မှ ၁,၅၀၀ ကျပ်ကြားအထိ ဖြည့်သွင်းခရှိနေပြီး ဘူးအသစ်စျေးမှာလည်း အရည်အသွေးအတန်သင့်ရှိသောအမှတ်တံဆိပ်မှာ ကျပ် ၁၀,၀၀၀ မှ ၁၄,၀၀၀ ကျပ်ကြားအထိ ဖြစ် နေလျက်ရှိသည်။မနှစ်တုန်းက ဂက်စ်တစ်ပိဿာကို ၇,၅၀၀ ကျပ်အထိ စံချိန်တင်မြင့်ခဲ့ဖူးတယ်၊ နောက်ပိုင်း စျေးပြန်ကျသွားပေမယ့် အခုက မနှစ်တုန်းက စံချိန်တင်မြင့်တက်ခဲ့တဲ့နှုန်းထက်ကို ပိုနေပြီး တစ်ပိဿာ ၈,၅၀၀ ကျပ်မှ ၉,၀၀၀ ကျပ်ကြားရှိနေတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ထိုသို့စျေးနှုန်းမြင့်တက်နေသော်လည်း အသုံးပြုသူအများအပြားမှ ပုံမှန်လာရောက်၍ ဂက်စ်ဖြည့်သွင်း လုပ်ဆောင်မှုကြောင့် နေ့စဉ်ပုံမှန်လည်ပတ်နေကြောင်းလည်း ဂက်စ်မီးဖိုနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များက ဆိုထားကြသည်။




news-view-count-icon

34