back

အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်စွာဖြင့် ယူကရိန်းနောက်မှာ ဥရောပရပ်တည်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သတိပေး

Dec 11 • 6:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်စွာဖြင့် ယူကရိန်းနောက်မှာ ဥရောပရပ်တည်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သတိပေး

အမေရိကန်သမ္မတဒေါ်လ်နယ်ထရမ့်က ဥရောပတိုက်ကြီးသည် ပျက်စီးယိုယွင်းနေပြီဟုပြောခဲ့ပြီးနောက် ဥရောပသည် အင်အားတောင့်တင်းမှုရှိကြောင်း ၎င်း၏လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖ...

အမေရိကန်သမ္မတဒေါ်လ်နယ်ထရမ့်က ဥရောပတိုက်ကြီးသည် ပျက်စီးယိုယွင်းနေပြီဟုပြောခဲ့ပြီးနောက် ဥရောပသည် အင်အားတောင့်တင်းမှုရှိကြောင်း ၎င်း၏လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများအတွက် သူရပ်ခံသွားမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက ဗုဒ္ဓဟူးနေ့တွင်ပြောကြားလိုက်သည်။အင်္ဂါနေ့က Politico နှင့်အင်တာဗျူးတစ်ခုတွင် ထရမ့်က ဥရောပနိုင်ငံရေးခေါင်းဆောင်များကို အားနည်းနေသူတွေအဖြစ်ဆိုလိုက်ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ခြင်းမရှိသည့်အတွက် ဥရောပကို ပြစ်တင်ရှုတ်ချခဲ့ သည်။ယခင်သီတင်းပတ်က ဥရောပသည် ယဉ်ကျေးမှုဆိုင်ရာပျက်စီးမှုနဲ့ရင်ဆိုင်နေရပြီး လမ်းကြောင်းကို ပြောင်းလဲပစ်ရမည်ဟုသတိပေးထားသည့် အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာထုတ်ပြန်ခဲ့ပြီးနောက် ထရမ့်၏ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော်မြင်တွေ့နေတာက အင်အားတောင့်တင်းတဲ့ဥရောပ၊ ယူကရိန်းရဲ့နောက်မှာစည်းလုံးညီညွတ်တဲ့၊ ကျွန်တော်တို့ကာလရှည်ကြာရပ်ခံခဲ့ကြတဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီတန်ဖိုးတွေရဲ့နောက်မှာ စည်းလုံးညီညွတ်မှုရှိနေကြတဲ့ ဥရောပပဲဖြစ်ပါတယ်၊ ကျွန်တော်အဲဒီလွတ်လပ်မှုတွေကို အမြဲတမ်းရပ်ခံသွားမှာဖြစ်ပါတယ် ”ဟု စတာမာက အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာနှင့်ပတ်သက်ပြီး ပါလီမန်တွင် ဗြိတိန်အမတ်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာထည့်သွင်းပြောကြားသွားခဲ့သည်။ထရမ့်က Politico နှင့်အင်တာဗျူးတွင် လန်ဒန်မြို့တော်ဝန်ဆာဒိခန်းကိုလည်း ကပ်ဆိုးကြီးတစ်ခုဟု ရည်ညွှန်းပြောသွားခဲ့သည်။ စတာမာ၏ဗဟိုလက်ဝဲ လေဘာပါတီကို ကိုယ်စားပြုသည့် ခန်းသည် ၂၀၁၆ ခုနှစ်တွင် လန်ဒန်မြို့တော်ဝန်အဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် ပထမဆုံးမူဆလင်တစ်ဦးဖြစ်လာခဲ့သည်။အမေရိကန်သမ္မတသည် ခန်းအားကာလရှည်ကြာကတည်းက ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ပြီး မကြာသေးခင်နှစ်ပိုင်းအတွင်း ၎င်းတို့နှစ်ဦးသည် အကြိမ်ကြိမ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။စတာမာ၏သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူးက ထရမ့်၏ပြောကြားချက်များမှားယွင်းကြောင်းဆိုလိုက်ပြီး ခန်း၏စံချိန်မှတ်တမ်းကို ခုခံကာကွယ်သွားခဲ့သည်။



news-view-count-icon

23