ဒီဇင်ဘာလ ဒုတိယ (၁၀) ရက်ပတ် (၁၁ ရက်နေ့မှ ၂၀ ရက်အတွင်း) အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
Dec 11 • 6:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


