Miss Universe Myanmar သဲစုငြိမ်းခေါ်သဲသဲရဲ့ဆရာဖြစ်သူထူးအံ့လွင်ကတော့ ဒီဇင်ဘာလကုန်ထိ ဆက်လက်စောင့်ကြည့်မှာဖြစ်ပြီး National Director ရဖို့ ဒေါ်လာ ၁,၀၀၀ တန်ကြေးရှိ Form နဲ့ Skin Care သိန်းပေါင်းသောင်းချီတန်ကြေးရှိ Contract တွေကို လက်မှတ်ရေးထိုးကာငွေသွင်းခဲ့ပြီးဖြစ်ပါတယ်။ ယခုလိုအခြေအနေရောက်မှ မြန်မာနိုင်ငံဘက်က Org က သူ့ရဲ့ ဗီဒီယိုတွေကို Miss Universe ကို ပေးပို့ခဲ့လို့ သူ့အား National Director အဖြစ် မပေးနိုင်တော့ဘူးဆိုတဲ့ ငြင်းပယ်ခြင်း ကိစ္စရပ်တွေဖြစ်လာတာလို့ ထူးအံ့လွင်ကပြောပါတယ်။ ယခုလကုန်ပိုင်းထိ သူတို့ ထိန်းသိမ်းထားသော သိန်းပေါင်းသောင်းချီအားပြန်လည်ပေးအပ်ခြင်း သို့မဟုတ် National Director ရာထူးအားပေးအပ်ခြင်း တစ်ခုမဟုတ် တစ်ခုပြုလုပ်ပေးဖို့နဲ့ မပြုလုပ်ပေးပါက အသရေဖြတ်ပြီး ဗီဒီယိုဖိုင်တွေပေးပို့ခဲ့သော မြန်မာဘက်က Org နဲ့ ငွေပြန်မပေးသလို ND ရာထူးပါမပေးတဲ့ Miss Universe Org အား တရားစွဲဆိုသွားမယ်လို့ ထူးအံ့လွင်ကပြောပါတယ်။ အဆိုပါဗီဒီယိုများမှာ သူငယ်စဉ်ကာလ မရင့်ကျက်ချိန်က ဗီဒီယိုများဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ သူဟာ ကောင်းမွန်စွာ ဘဝကိုဖြတ်သန်းတည်ဆောက်နေလျက်ကြားက အောက်တန်းကျစွာ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောပါတယ်။



