back

ပြည်တွင်း၌ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်ရေးဖြစ်သကဲ့သို ဆန္ဒမဲပေးရန်သည်လည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ဟုဆို

Dec 11 • 3:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်ရေးဖြစ်သကဲ့သို ဆန္ဒမဲပေးရန်သည်လည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ဟုဆို

ပြည်တွင်းရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း မပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်ရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန်မှာလည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း အမျိုးသားကာကွ...

ပြည်တွင်းရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း မပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်ရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန်မှာလည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ကပြောသည်။(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ အခမ်းအနား ယမန်နေ့က ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနား၌  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ဒီမိုက‌ရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး ရွေးကောက်ပွဲ အထမြောက်ရန် နှင့် ဥပဒေနှင့်ညီညွတ်ရန် အလေးထားဆောင်ရွက်နေကြောင်းလည်းပြောသည်။မဲပေးပိုင်ခွင့်ရှိသူအားလုံးက မကြာမီကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြရန်လည်း ဦးအောင်လင်းဒွေး က တိုက်တွန်းပြောကြားထားသည်။လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ တွင် စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နေ့ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

38