၁၁.၁၂.၂၀၂၅ ရက်ယနေ့၊ ၀၇နာရီ ၂၀မိနစ် အချိန်ခန့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် နေအိမ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပငအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်မှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၇ နာရီ၄၀မိနစ် အချိန်မီးငြိမ်းပါသည်။



