မန္တလေးမြို့မှာ တစ်ရက်တည်း ငလျင် နှစ်ကြိမ် လှုပ်ခတ်သွား

Dec 11 • 1:53 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့မှာ တစ်ရက်တည်း ငလျင် နှစ်ကြိမ် လှုပ်ခတ်သွား

မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်တစ်ရက်တည်းမှာ သိသာထင်ရှားတဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မ...

မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်တစ်ရက်တည်းမှာ သိသာထင်ရှားတဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။နောက်ဆုံးလှုပ်ခတ်သွားသော ငလျင်ဟာ ည ၉ နာရီ ၆ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ လယ်မမြို့နယ် အနီးကိုဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာကနေ ပြင်းအား ၃ ဒသမ ၃၀ ဖြစ်လှုပ်ခတ်ခဲ့ပါတယ်။ ထိုငလျင်လှုပ်ခတ်မှုကြောင့် မြို့ခံတွေ အထိတ်တလန့်ဖြစ်ကာ လုံခြုံရာနေရာတွေသို့ ခေတ္တခဏ ပြေးထွက်တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။တစ်ရက်အတွင်း အချိန်ပိုင်းခြား နည်းနည်းဖြင့် ငလျင်များ ထပ်တလဲလဲ လှုပ်ခတ်လာခြင်းကြောင့် မြို့ခံလူထုဟာ မြေငလျင်ဘေးအန္တရာယ်များနဲ့ ပတ်သက်၍ ပိုမိုစိုးရိမ်ပူပန်နေကြပါတယ်။လက်ရှိအချိန်အထိ ယင်းငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု အခြေအနေများကို တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒေသခံတွေဟာ ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲ ငလျင်အန္တရာယ်များအတွက် သတိထားနေထိုင်ကြရန်နဲ့ ဘေးကင်းရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် သတိပေးတိုက်တွန်းမှုများ ရှိနေပါတယ်။

news-view-count-icon

16