ရန်ကုန်တိုင်း‌ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီး ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်မှုဖြစ်ပွား

Dec 11 • 1:48 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း‌ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီး ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်မှုဖြစ်ပွား

၁၀.၁၂.၂၀၂၅ ရက်နေ့၊ ၂၂ နာရီ၁၇မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီးသည် ရပ်ထားသ...

၁၀.၁၂.၂၀၂၅ ရက်နေ့၊ ၂၂ နာရီ၁၇မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီးသည် ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်မှုဖြစ်ပွားပြီး မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ LUF-60 ယာဉ်(၁)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update

၂၂ နာရီ၅၄မိနစ် အချိန် မီးငြိမ်းပါသည်။

news-view-count-icon

39