back

ကမ္ဘောဒီးယား အလုပ်သမားတွေကို နေရပ်ပြန်ပို့ဖို့ ထိုင်းဘက်မှ နယ်စပ်ဂိတ်အား ဖွင့်လှစ်ခဲ့

Dec 11 • 1:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား အလုပ်သမားတွေကို နေရပ်ပြန်ပို့ဖို့ ထိုင်းဘက်မှ နယ်စပ်ဂိတ်အား ဖွင့်လှစ်ခဲ့

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတိုက်ပွဲတွေ မြင့်တက်လာသည့်အတွက် ကမ္ဘောဒီးယား နိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော်ပြီး ပြန်ပို့ဖို့အတွက် ထိုင်းအာဏာပိုင်တွေက Sa K...

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတိုက်ပွဲတွေ မြင့်တက်လာသည့်အတွက် ကမ္ဘောဒီးယား နိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော်ပြီး ပြန်ပို့ဖို့အတွက် ထိုင်းအာဏာပိုင်တွေက Sa Kaeo မှ နယ်စပ်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီမှာ ဖွင့်လှစ်လိုက်ပါတယ်။ လက်ရှိနယ်စပ်မှာတိုက်ပွဲတွေ ဖြစ်ပွားမှာကို စိုးရိမ်ကြတဲ့အတွက် Rong Kluea ဈေးနဲ့ တခြားနေရာတွေက ခမာအလုပ်သမားအများအပြားဟာ ထွက်ပြေးပြီး ကမ္ဘောဒီးယားဘက်ကို ပြန်နေကြပါတယ်။ဌာနဆိုင်ရာ အသီးသီးက ထိုင်းအာဏာပိုင်တွေဟာ နေရပ်ပြန်လိုသူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ နှစ်ဖက် နားလည်မှု ရရှိပြီးနောက်မှာတော့ အဲဒီလူအုပ်စုကို ကမ္ဘောဒီးယားဘက် ပြန်လည်ဖြတ်ကျော်ခွင့် ပြုခဲ့ပါတယ်။ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းကနေ ညပိုင်းအထိ တရားဝင် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေ ကနေတဆင့် ကမ္ဘောဒီးယား နိုင်ငံသားတွေ နေရပ်ပြန်နေကြပါတယ်။ နေရပ်ပြန်ဖို့အတွက် နောက်ထပ် ကမ္ဘောဒီးယား နိုင်ငံသားတွေလည်း စစ်ဆေးရေးဂိတ်ကို ဆက်လက် ရောက်ရှိလာနေပါတယ်။

news-view-count-icon

22