ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး ကိုးရီးယားအက "အိုပါ ဂန်းနား စတိုင် " ကိုရီးယားသီချင်းနဲ့ ဟာသလုပ်ကာ ကပြဖျော်ဖြေခဲ့တဲ့ ဇာတ်အဖွဲ့ကို စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။သာသနာညှိုးနွမ်းစေလို့ကပြတဲ့ဇာတ်အဖွဲ့ကိုစုံစမ်းပြီးသဘင်စည်းမျဉ်း စည်းကမ်း နဲ့ အရေးယူ ခြင်းများဆောင်ရွက်ဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



