ဒီဇင်ဘာလ ပထမပတ်မှ စပြီး ဟိုပုံး-တောင်ကြီးသွားလမ်း တိုးဂိတ်အကျော်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်နေပြီး ကုန်စိမ်းတင်ဆောင်သည့် ကားတစ်စီးလျှင် ငွေကျပ် (၈၀၀၀၀) အထိ ကောက်ခံကြောင်း သိရသည်။အလားတူ ကျောက်မီးသွေး၊ ဘိလပ်မြေ၊ သံသတ္တုနှင့် ဓာတ်မြေဩဇာ တင်ဆောင်သည့် ကားများကို တစ်စီးလျှင် ငွေကျပ် တစ်သိန်း အနည်းဆုံးကောက်ခံနေကြောင်း ကုန်တင်ယာဉ်မောင်းများက ပြောသည်။တောင်ကြီးနှင့် ဟိုပုံးမြို့ဘက်တွင် ရွေးကောက်ပွဲ နီးလာသောကြောင့် လိုင်စင်မဲ့ကားများကို မထင်မှတ်ချိန်တွင် ရှောင်တခင် စစ်ဆေးပြီး ကျန်သည့်အချိန်များတွင် သွားလာခွင့်ပြုပေးထားသည်ဟု သိရသည်။



