ဘီလာရုစ်နိုင်ငံမှ နယ်စည်းဖြတ်ကျော် ဝင်ရောက်လာသော မှောင်ခိုလုပ်ငန်းသုံး မိုးပျံဘောလုံးများကြောင့် အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံသည်ဒီဇင်ဘာ၉ရက်တွင်အရေးပေါ်အခြေအနေကြေညာထားရကြောင်း သိရသည်။ဘီလာရုစ်နိုင်ငံဘက်မှ ဝင်ရောက်လာသော မှောင်ခိုလုပ်ငန်းသုံး မိုးပျံဘောလုံးများသည် အများပြည်သူ များအတွက် ဘေးအန္တရာယ်တစ်ရပ်ဖြစ်လာကြောင်း လစ်သူယေးနီးယားအစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဘီလာရုစ်နိုင်ငံဘက်မှ ဝင်ရောက်လာသော မိုးပျံဘောလုံးများသည်စီးကရက်အတုများကို သယ်ယူပို့ဆောင် ရေးအတွက် မှောင်ခိုသမားများ အသုံးပြုနေသော မိုးပျံဘောလုံးများ ဖြစ်ကြသည်။စီးကရက်အတုများကို သယ်ယူပို့ဆောင်ရေးအတွက် ဘီလာရုစ်အစိုးရကမှောင်ခိုသမားများကို မိုးလေ၀သ တိုင်းတာရေးလုပ်ငန်းသုံး မိုးပျံဘောလုံးများအသုံးပြုခွင့်ပေးနေကြောင်း လစ်သူယေးနီးယားအစိုးရက စွပ်စွဲထားသည်။လစ်သူယေးနီးယားအစိုးရ၏ အရေးပေါ် အခြေအနေ ကြေညာချက်အရမိုးပျံဘောလုံးများပြဿနာကို ကိုင်တွယ်ရာတွင် စစ်ဘက်အနေဖြင့် ပိုမို၍လွတ်လွတ်လပ်လပ် ကိုင်တွယ်ဖြေရှင်းခွင့်ရှိလာမည်ဖြစ်သည်။လစ်သူယေးနီးယားနိုင်ငံသည် ပြီးခဲ့သည့်လများအတွင်းကလည်းဘီလာရုစ်နိုင်ငံဘက်မှ ဝင်ရောက်လာသော မှောင်ခိုလုပ်ငန်းသုံး မိုးပျံဘောလုံးများကြောင့် ပြည်တွင်းလေဆိပ်များ လုပ်ငန်းလည်ပတ်မှုကို မကြာခဏဆိုသလိုရပ်တန့်ပေးခဲ့ရသည်။



