ဂျပန်နိုင်ငံ၊ Osaka မြို့တွင် တရုတ်ခရီးသွားများ အရေအတွက် လျော့ကျလာခြင်းကို ဂျပန်သတင်းဌာနမှဖော်ပြထားသည်။ အဓိကအကြောင်းရင်းများမှာ ဂျပန်၏ ဗီဇာစည်းမျဉ်းများ တင်းကြပ်လာခြင်း၊ ယွမ်ငွေတန်ဖိုးကျဆင်းမှုကြောင့် Shopping သုံးစွဲမှု လျော့နည်းလာခြင်း၊ ထို့အပြင် တရုတ်ခရီးသွားများ အခြားနိုင်ငံများသို့ ဦးတည်သွားခြင်းတို့ ဖြစ်ကြောင်း ဆိုသည်။ Osaka ၏ စီးပွားရေးအတွက် တရုတ်ခရီးသွားများသည် အဓိက အခန်းကဏ္ဍ ထမ်းဆောင်လာခဲ့သော်လည်း ယခုအချိန်တွင် အခြားနိုင်ငံများမှ ခရီးသွားများကို ဆွဲဆောင်ရန် လိုအပ်နေကြောင်း အစိုးရနှင့် စီးပွားရေးသမားများက အာရုံစိုက်နေကြသည်။



