မြဝတီမြို့ရှိ ကျားဖြန့်နေရာမှ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသူ ထိုင်းအမျိုးသမီးနှစ်ဦးအား ကယ်တင်နိုင်ခဲ့

Dec 10 • 3:47 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့ရှိ ကျားဖြန့်နေရာမှ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသူ ထိုင်းအမျိုးသမီးနှစ်ဦးအား ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံ၌အွန်လိုင်းမှတဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု မက်လုံးပေး လိမ်လည်ခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့၌ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရ...

ထိုင်းနိုင်ငံ၌အွန်လိုင်းမှတဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု မက်လုံးပေး လိမ်လည်ခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့၌ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရသည့် ထိုင်းအမျိုးသမီးနှစ်ဦးကို Pavena ဖောင်ဒေးရှင်းနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။Pavena Hongsakul ဖောင်ဒေးရှင်း ဥက္ကဋ္ဌ "Pavena" သည် တာ့ခ်ခရိုင်၊ ဖွပ်ဖရ (Phop Phra) ရဲစခန်းသို့ သွားရောက်ကာ ကယ်တင်ထားသော အမျိုးသမီးနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ အမျိုးသမီးများသည် တရုတ်လုပ်ငန်းရှင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ရက်ရက်စက်စက် ခံစားခဲ့ရပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။လက်ရှိတွင် အမျိုးသမီးနှစ်ဦးလုံးကို ထိုင်းရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းအဖွဲ့များက စောင့်ရှောက်ထားပြီး၊ စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် လူကုန်ကူးခံရသူများ (Victims of Human Trafficking) ဖြစ်ကြောင်း အတည်ပြုထားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နောက်ကွယ်မှ လူကုန်ကူးဂိုဏ်းကို ဖော်ထုတ်အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

14