ကျိုက်ထီးရိုးရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစု အခန်းပြည့်နေ

Dec 10 • 2:19 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစု အခန်းပြည့်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာရောက်သူတွေ များပြားနေပြီး ဟိုတယ်၊ တည်းခို ခန်းနဲ့ စားသောက်ရင်းတည်းခိုနိုင်တဲ့ တည်းခိုခန်းတွေမှာ အ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာရောက်သူတွေ များပြားနေပြီး ဟိုတယ်၊ တည်းခို ခန်းနဲ့ စားသောက်ရင်းတည်းခိုနိုင်တဲ့ တည်းခိုခန်းတွေမှာ အခန်းပြည့် ဖြစ်နေတယ်လို့ ကျိုက်ထီးရိုး ခရီးသွား ဟိုတယ်နှင့်တည်းခိုခန်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။လက်ရှိအချိန်ဟာ ခရီးသွားရာသီဖြစ်ပြီး ကျိုက်ထီးရိုးဘုရားကိုလည်း ဘုရားဖူးသွားရောက်သူတွေ အလွန်များပြား နေတာပါ။ အထူးသဖြင့် စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာဆိုရင် ကြိုတင်အခန်းယူလို့တောင်မရတော့တဲ့ အခြေအနေ တွေဖြစ်ပေါ်နေပြီး ဈေးနှုန်းတွေကလည်း အရင်ထက်မြင့်တက်နေတယ်လို့ သိရပါတယ်။

news-view-count-icon

28