ကမ္ဘောဒီးယားစစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ပြီး တိုက်ပွဲအတွင်း ထိုင်းဘက်တွင် စစ်သားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယမန်နေ့နံနက် ၁ နာရီခွဲခန့်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိုင်းဘက်ခြမ်း စကဲဝိုဒေသရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ နေအိမ်များရှိ ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေသဖြင့် လူထိခိုက်မှု မရှိကြောင်း ဆိုသည်။ 
Dec 10 • 2:18 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


