မန္တလေးမြို့၌ယခုရက်ပိုင်း နံနက်စောစောတွင် မန္တလေးတောင်ပေါ်သို့ တက်ရောက်ကာ တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားသူ များပြားလျက်ရှိသည်။တိမ်ပင်လယ်ဟူသည်မှာ တောင်တော်ရင်ပြင်တော်ပေါ်မှ တောင်အောက်ဝန်းကျင်ကို ကြည့်ရှုပါက မန္တလေးမြို့ကိုပင် မမြင်ရသည့်အထိ တိမ်ခိုးတိမ်ငွေ့များပင်လယ်သဖွယ် ထူထပ်နေခြင်းဖြစ်သည်။မန္တလေးတောင်ပေါ်မှ မြင်တွေ့ရသည့် တိမ်ပင်လယ်အလှကိုကြည့်ရှုလိုသူများသည် နံနက်၅နာရီခွဲအချိန်တွင် တောင်ပေါ်သို့ စောင်းတန်းမှဖြစ်စေ တောင်တက်ကားလမ်းမှဖြစ်စေ ခြေလျင်တက်ရခြင်းဖြစ်သည်။မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှအထက် ပေပေါင်း ၇၇၆-ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော်မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။



