ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ယနေ့ နေ့လယ် ၁နာရီခွဲ ဝန်ကျင်အချိန် ထွန်းဆေးရုံ အပေါ်ဖက် နတ်နန်းအနီး မီးပွိုင့်အနီးတွင် လိုင်စင်မဲ့ကားများကို လမ်းလေးဆုံပိတ်ကာ စစ်ဆေးနေပြီး သိမ်းဆည်းမှု ပြုလုပ်နေပြီး လိုင်စင်ရှိယာဥ်များကိုလည်း အတုဟုဆိုကာ စစ်ဆေးမေးမြန်းနေသည်။ထို့ပြင် ယမန်နေ့ ဒီဇင်ဘာလ (၉)ရက်နေ့တွင် တောင်ကြီးမြို့အပြင် အေးသာယာမြို့တွင်လည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုများ တင်ကြပ်စွာ စစ်ဆေးမှု ပြုလုပ်လာ ကြောင်းသိရှိရသည်။
Dec 10 • 2:10 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


