ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း(၇/၆)မိုင်တွင် ယနေ့ ၁၀.၁၂.၂၀၂၅ ရက်နေ့၊ ၀၅နာရီ ၄၂မိနစ် အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။မနက် ၀၅ နာရီ ၅၅ မိနစ်အချိန် မီးငြိမ်းပါသည်။



