back

မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသော ကား ၃ စီးကို ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်

Dec 10 • 2:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသော ကား ၃ စီးကို ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းပေါ်ရှိ ချော်တွင်းကုန်းမီးပွိုင့်အနီး၌ ရပ်ထားသော ကား (၃) စီးကို အိမ်စီး Rav 4 ကားတစ်စီးမှ ဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းပေါ်ရှိ ချော်တွင်းကုန်းမီးပွိုင့်အနီး၌ ရပ်ထားသော ကား (၃) စီးကို အိမ်စီး Rav 4 ကားတစ်စီးမှ ဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄ ရက် နံနက် ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး၊ ဝင်တိုက်ခဲ့သည့် Rav 4 ကားမောင်းသူကို မရမ်းကုန်းမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။တိုက်မိခဲ့သော ကားများမှာ Mark 2 (ရွှေငါး) ကား၊ Honda fit ကားနှင့် Suzuki Solio ကားတို့ဖြစ်ပြီး၊ Mark 2 ကားမှာ ပြင်းထန်စွာ ပျက်စီးခဲ့ကာ အခြားကား ၂ စီးလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့် ကားပိုင်ရှင်များက Rav 4 ကားမောင်းသူအား ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

24