back

ပြင်သစ်နိုင်ငံ ပါရီရှိ ကမ္ဘာကျော် လုဗ်ပြတိုက်တွင် ရေပိုက်လိုင်းယိုစိမ့်မှုကြောင့် ရှားပါးစာအုပ် ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့

Dec 09 • 5:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြင်သစ်နိုင်ငံ ပါရီရှိ ကမ္ဘာကျော် လုဗ်ပြတိုက်တွင် ရေပိုက်လိုင်းယိုစိမ့်မှုကြောင့် ရှားပါးစာအုပ် ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ ကမ္ဘာကျော် လုဗ်ပြတိုက် (Louvre Museum) ၌ တပ်ဆင်ထားသော ရေပိုက်လိုင်းတစ်ခု ယိုစိမ့်မှု ပြဿနာကြောင့် အီဂျစ်ယဉ်ကျေးမှုပြတိုက်တွင် ထ...

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ ကမ္ဘာကျော် လုဗ်ပြတိုက် (Louvre Museum) ၌ တပ်ဆင်ထားသော ရေပိုက်လိုင်းတစ်ခု ယိုစိမ့်မှု ပြဿနာကြောင့် အီဂျစ်ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထားသည့် ရှားပါးစာအုပ် ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြတိုက်တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ဤဖြစ်စဉ်သည် ကမ္ဘာပေါ်၌ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံးပြတိုက်ဖြစ်သည့် လုဗ်ပြတိုက်၏ ယိုယွင်းနေသော အခြေအနေကို ပြသနေသည်။ ယခုနှစ်အတွင်း အဆိုပါပြတိုက်၌ အောက်တိုဘာလ ၁၉ ရက်က ဖောက်ထွင်းမှုဖြစ်ပွားပြီး အမေရိကန်ဒေါ်လာ ၁၀၂ သန်းတန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံခဲ့ရဖူးပြီး၊ နိုဝင်ဘာလတွင်လည်း ခန်းမဆောင်တစ်ခုကို ဖွဲ့စည်းတည်ဆောက်မှုပုံစံ အားနည်းမှုကြောင့် ပိတ်ထားခဲ့ရကြောင်း သိရသည်။

news-view-count-icon

30