back

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်ရှိရွှေစက်တော် ဘေးမဲ့တောဥယျာဉ် အတွင်း ရွှေသမင် တွေ မျိုးသုဉ်း မျိုးဆက်မပြတ်စေဖို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုပြုလုပ်နေ

Dec 09 • 4:54 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်ရှိရွှေစက်တော် ဘေးမဲ့တောဥယျာဉ် အတွင်း ရွှေသမင် တွေ မျိုးသုဉ်း မျိုးဆက်မပြတ်စေဖို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုပြုလုပ်နေ

မကွေး၊မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် အတွင်း ရွှေသမင် တွေ မျိုးသုဉ်း မျိုးဆက်မပြတ်စေဖို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတယ်လို့သိရပါတယ်။ဘေးမဲ...

မကွေး၊မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် အတွင်း ရွှေသမင် တွေ မျိုးသုဉ်း မျိုးဆက်မပြတ်စေဖို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတယ်လို့သိရပါတယ်။ဘေးမဲ့တော ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ နေရင်းဒေသ အင်တိုင်းတောဂေဟစနစ်ပျက်စီးမှုနဲ့ မြန်မာ့ရွှေသမင်မျိုးစိတ် တွေ လျော့ပါးလာမှုတို့ကို ပြန်လည်တိုးပွားဖြစ်ထွန်းလာစေဖို့ ထိန်းသိမ်းရေးလုပ်ငန်း တွေ ကို ဒေသခံ တွေ နဲ့ အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်လို့ " ရွှေစက်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ အနောက်ဘက်မှာ နိမ့်သောတောင်ကုန်း၊ လျှိုမြောင် တွေ နဲ့ တောင်တန်း တွေ ဝန်းရံနေပြီး ၊ ဒေသတွင်း သဘာဝအလျောက် သမင် တွေ ကျက်စားနေထိုင်ကြကာ တခြားတောရိုင်းတိရစ္ဆာန် တွေ သဘာဝအင်တိုင်းတော တွေ ၊ ဇီဝမျိုးစုံမျိုးကွဲ တွေ လည်းရှိတယ်လို့သိရပါတယ်။ဂေဟစနစ် တွေ ကို ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ် ပေမယ့်လည်း ဖွဲ့စည်းသတ်မှတ် ထားတဲ့နေရာ တွေ နဲ့ နှိုင်းယှဉ်ရင် ဇီဝမျိုးစုံ မျိုးကွဲ တွေ ဆက်လက်တည်ရှိနေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် စတင်ဖွဲ့စည်းခဲ့စဉ်ကလို မူလအခြေအနေမရှိတော့တဲ့ သဘာဝနယ်မြေ တွေ ကိုလည်း ကြုံတွေ့ရနေရတယ်လို့သိရပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ ဇီဝမျိုးစုံမျိုးကွဲ တွေနဲ့ နေရင်းဒေသဂေဟစနစ် တွေ ပြန်လည်ရရှိ ဖို့ မြှင့်တင်ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်များအတွင်း တည်ရှိပြီး၊ ဧရိယာ အကျယ်အဝန်း ၁၁၄,၆၈၇ ဒသမ ၇၁ ဧက ကျယ်ဝန်းတာဖြစ်ပါတယ်။အပူပိုင်းခြောက်သွေ့တော၊ သန်းဒဟတ် တော တွေကိုလည်းကောင်း၊ မုန်းချောင်းနဲ့ မန်းချောင်းရေဝေကုန်းတန်း တွေ ကိုလည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ၁၉၈၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရဲ့ မြေမျက်နှာပြင်မှာ မနိမ့်မမြင့် တောင်ကုန်း၊ တောင်တန်း ဆင်ခြေလျှော တွေ နဲ့ သဲကျောက်များ ဖုန်းလွှမ်းနေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ ကနေ ပေ ၆၀၀ အထိ မြင့်တယ်လို့သိရှိရပါတယ်။

news-view-count-icon

34