နေပြည်တော်ဈေးကွက်များတွင် ခရမ်းချဉ်သီးဈေးမြင့်တက်နေသဖြင့် အောက်ခြေလူတန်းစားများအနေနှင့် ဈေးနည်းသည့်အကျသီး ပယ်သီးများသာဝယ်ယူချက်ပြုတ်စားသောက်ရကြောင်း အိမ်ရှင်မတစ်ဦးထံမှသိရသည်။ခရမ်းချဉ်သီးကလည်းပေါချင်တော့လည်းပေါ ရှားချင်ပြန်တော့လည်းလိုက်မမှီ ဈေးကလည်းကြီးတော့ အခုပယ်သီးကျသီးတွေဘဲဝယ်စားနိုင်တော့တယ်” ဟုအိမ်ရှင်မတစ်ဦးမှပြောသည်။နေပြည်တော်ဒေသတွင်းပျဉ်းမနားလယ်ဝေးတပ်ကုန်းဇေယျာသီရိမြို့နယ်များတွင် ခရမ်းချဉ်သီးများစိုက်ပျိုးကြသော်လည်း ပြီးခဲ့သည့်မိုးကာလတစ်လျှောက် မိုးများမိုးကြီးခြင်းများကြောင့် စိုက်ပျိုးမြေများရေနစ်မြုတ်မှုများကြောင့် စိုက်ပျိုးသူနညးပါးသလို၊စိုက်ပျိုးချိန်နောက်ကျခြင်းများကြောင့် ဒေသထွက်ခရမ်းချဉ်သီးများမပေါ် သေးသဖြင့် ရှမ်းပြည်နယ်ဈေးကွက်မှလာသည့်ခရမ်းချဉ်သီးများသာရောင်းချနေရကြောင်းသိရသည်။အခုကတော့အောင်ပန်း၊ကလော၊အင်းလေးရှမ်းပြည်ဖက်ကဝင်တဲ့အသီးတွေဘဲရှိတယ်။တစ်ပိဿာရှမ်းသီး(၈,၀၀၀)၊ဗမာသီးက(၁၀,၀၀၀)၊ပယ်သီးကျသီးကတော့တစ်ပိသာ(၃,၀၀၀/၄,၀၀၀)ဈေးရှိတယ်၊ကိုယ်ဒေသစိုက်သီးတွေကမထွက်ကြသေးဘူး။ကိုယ့်ဒေသစိုက်တဲ့သူတွေအလှည့်ကြရင်ဈေးကျအချိန်နဲ့တိုးမှာဘဲ” ဟုဒေသခံ တစ်ဦးမှပြောသည်။



