အမေရိကန်ကနေ ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၁ ဦးဟာ ဒါကာမြို့ ဟာဇရတ် ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အမေရိကန်စစ်ဘက်ဆိုင်ရာ အထူးလေယာဉ်နဲ့ အတူ မနေ့ ကဒီဇင်ဘာ၈ရက်ည ၇ နာရီခန့် ခန့်က ရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာ ဒါကာသို့ မရောက်မီအချိန်ထိ လက်ထိပ်နဲ့ ခြေချင်းဝတ်ခတ်တာကို နာရီပေါင်း ၆၀ နီးပါး ခံခဲ့ရပြီး ဒါကာလေဆိပ်သို့ ရောက်ရှိပြီးနောက်မှသာ ချုပ်နှောင်မှုကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ နှင်ထုတ်ခံရသူအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုအာခါလီခရိုင်မှ ဖြစ်ပြီး အခြားသူတွေကတော့ ဆိုင်းဟက်၊ ဖီနီ၊ ရှာရီယက်ပူ၊ ကူမီလာနဲ့ အခြားခရိုင်တွေက ဖြစ်ကြပါတယ်။ ဒီနှစ်အစောပိုင်းမှာ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၂၂၆ ဦးကို နှင်ထုတ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။



