back

ဂျပန်နိုင်ငံကို သွားရောက်မယ့် အလုပ်သမား ၁၀၉ ဦး OWIC ကတ်ပြုလုပ်ခွင့်ပြု

Dec 09 • 4:00 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံကို သွားရောက်မယ့် အလုပ်သမား ၁၀၉ ဦး OWIC ကတ်ပြုလုပ်ခွင့်ပြု

ဂျပန်နိုင်ငံ ကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ကတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် ၁၀၉ ဦး ကို ဒီဇင်ဘာ ၈ ရက်မှာ OWIC ကတ် ပြုလုပ်ခွင့် ချထ...

ဂျပန်နိုင်ငံ ကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ကတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် ၁၀၉ ဦး ကို ဒီဇင်ဘာ ၈ ရက်မှာ OWIC ကတ် ပြုလုပ်ခွင့် ချထားပေးလိုက်တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံသွား ရောက်ဖို့ ပြည်ပအလုပ်အကိုင်လမ်းညွှန် သင်တန်းတက်ရောက်ခွင့်နဲ့ ပြည်အလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်လို့ " အလုပ်သမားဝန်ကြီးဌာန Safe Migration ကဆိုပါတယ်။ခွင့်ပြုလိုက်တဲ့ ၁၀၉ ဦး ဟာ ဒီဇင်ဘာ ၁၁ ရက် မှာ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်မှာ OWIC ကတ် ပြုလုပ်သွားရမှာဖြစ်ပါတယ်။သတ်မှတ်ရက် မှာ သင်တန်းတက်ရောက်တာ၊ OWIC ကတ် ပြုလုပ်နိုင်တာ မရှိပါက ပြန်လည်တင်ပြရမယ်လို့ safe Migration က ပြောပါတယ်။

news-view-count-icon

13