လားရှိုးမြို့ ရပ်ကွက်(၅) အထက်မန်အိုင်ရှိ ခြံဝင်းတစ်ခုထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်လှစ်နေပြီး လနဲ့ချီဖွင့်လှစ်ထားပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပိတ်ပင်တာမရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။အဲလောင်းကစားဝိုင်းကို ဒေသခံတွေရာနဲ့ချီ နေ့စဉ်လာရောက်ကစားနေကြပြီး မူးယစ်ဆေးဝါးလည်း အလွယ်တကူ ဝယ်ယူရရှိနေတယ်လို့လည်း ဆိုပါတယ်။အဲလောင်းကစားကနေ မူးယစ်ဆေးဝါးတွေလည်း ရရှိနေတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူဦးရေများလာနေသလို ခိုးယူမှုတွေလည်း ပေါများလာနေတယ်လို့ ဆိုပါတယ်။လားရှိုးမြို့ဟာ လုယက်မှု၊ပစ်ခတ်မှု၊ခိုးမှုတွေ ပေါများလာနေပြီး ဌာနဆိုင်ရာဘက်က အရေးယူနိုင်မှုကတော့ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြောပါသည်။
Dec 09 • 3:58 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


