back

မြန်မာ့စီးပွားရေး နာလံပြန်ထူလာဟု ကမ္ဘာ့ဘဏ်ပြော

Dec 09 • 2:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့စီးပွားရေး နာလံပြန်ထူလာဟု ကမ္ဘာ့ဘဏ်ပြော

ငလျင်နဲ့ ပဋိပက္ခ သက်ရောက်မှုတွေအကြား မြန်မာနိုင်ငံရဲ့ စီးပွားရေးက အသင့်အတင့် နာလံထူမှု လက္ခဏာတွေကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ပါ...


ငလျင်နဲ့ ပဋိပက္ခ သက်ရောက်မှုတွေအကြား မြန်မာနိုင်ငံရဲ့ စီးပွားရေးက အသင့်အတင့် နာလံထူမှု လက္ခဏာတွေကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။အရင်က ၂၀၂၆ ခုနှစ် မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာနှစ်အတွက် GDP ကို အနုတ် ၂.၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားရာကနေ ယခုအခါ GDP ၂ ရာခိုင်နှုန်း ကျုံ့နေမယ်လို့ ခန့်မှန်းထားတာကြောင့် အစစ်အမှန် ခန့်မှန်းချက် ပြန်လည်မြင့်တက်လာပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာမှာ ငွေကြေးဖောင်းပွမှုမှာ လျော့ကျလာပေမယ့် အလုံးစုံသော ကုန်ဈေးနှုန်တွေမှာ မြင့်တက်နေဆဲဖြစ်လို့ အိမ်ထောင်စုတွေအနေနဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ ငွေကြေးသုံးစွဲမှု ကိစ္စအတွက် ခက်ခက်ခဲခဲ ဖြေရှင်းနေရဆဲဖြစ်တဲ့အကြောင်း ဖော်ပြပါတယ်။ပြန်လည်တက်ဆောက်မှုနဲ့ပတ်သက်တဲ့ သုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် ဘဏ္ဍာရေးစိန်ခေါ်မှုတွေ ဆက်လက်ရှိနေမှာဖြစ်ပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွင်း လိုငွေပြမှုက GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ ရှိနေမယ်လို့ ကမ္ဘာ့ဘဏ်က မျှော်မှန်းထားပါတယ်။ပြည်သူ့ကြွေးမြီမှာ GDP ရဲ့ ၆၀ ရာခိုင်နှုန်းအထက်မှာ ရှိနေမှာဖြစ်ပြီး ပြည်တွင်းငွေချေးမှုတွေလည်း မြင့်တက်နေမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

47