Agoda ရဲ့ 2026 Travel Outlook Report အရ ထိုင်းနိုင်ငံရဲ့ ခရီးသွား Trend တွေ ပြောင်းလဲလာပြီး ပြည်တွင်းခရီးစဉ်တွေက အဓိကနေရာ ယူလာပါတယ်။ ခရီးသွားတွေက ဘယ်သွားမလဲဆိုတာထက် ရှိတဲ့အချိန်ကို ဘယ်လိုအကောင်းဆုံး အသုံးချမလဲဆိုတာကို ပိုအာရုံစိုက်လာကြတယ်လို့ ဆိုပါတယ်။ ၂၀၂၆ မှာ ထိုင်းလူမျိုးတွေဟာ ဂျပန်ပြီးရင် အာရှမှာ ခရီးသွားဖို့ အလားအလာ အရှိဆုံး ဖြစ်ပြီး ၃ ပုံ ၂ ပုံလောက်က ထိုင်းနိုင်ငံထဲမှာပဲ လည်ပတ်ဖို့ ရှိနေပါတယ်။ ဖြေဆိုသူ ၅၆% က ၁ ရက်ကနေ ၃ ရက်သာကြာမယ့် ခရီးတို (Micro-travel) လေးတွေ သွားဖို့ စိတ်ကူးရှိကြပါတယ်။ မြို့ကြီးတွေတင်မကဘဲ မြို့ငယ်လေးတွေနဲ့ ကမ်းရိုးတန်း ကျေးရွာတွေကိုပါ သွားလာဖို့ စိတ်ဝင်စားကြပါတယ်။



