စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော မိုးစပါးဧက ၂၃,၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။အဆိုပါ မိုးစပါးစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာ ပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခဲ့သည်။ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံနှင့် နှစ်ရှည်ပင်သီးနှံများ ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်လမ်း ရရှိနေကြကြောင်း သိရသည်။



