ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စု (B) ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက မလေးရှားကို (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း၊ ဖိလစ်ပိုင်အသင်းက လက်ရှိချန်ပီယံ ဗီယက်နမ်ကို (၁-၀) ဂိုးဖြင့် အနိုင်ယူခဲ့သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် အဖြေမပေါ်သေးဘဲ ရှိနေသည်။ နှစ်ပွဲစီ ယှဉ်ပြိုင်ကစားပြီးနောက် မြန်မာအသင်းသည် ၆ မှတ်ရရှိကာ ဦးဆောင်နေပြီး၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က ၃ မှတ်စီဖြင့် ရမှတ်တူနေသည်။ ထို့ကြောင့် ဒီဇင်ဘာ ၁၁ ရက်တွင် ယှဉ်ပြိုင်မည့် အုပ်စုနောက်ဆုံးပွဲစဉ်များဖြစ်သည့် မြန်မာနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့၏ ပွဲစဉ်ရလဒ်သည် အုပ်စုပထမနှင့် ဒုတိယရရှိမည့်အသင်းများအတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။
ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ရသဖြင့် ဆီမီးဖိုင်နယ်တက်ရန် မြန်မာအသင်း နောက်ဆုံးပွဲစဉ်အထိ အမှတ်ဆက်လုရမည်
Dec 09 • 1:16 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


