ကမ္ဘာ့ထိပ်တန်း Indoor Theme Park တစ်ခုဖြစ်သည့် MELAND သည် ၎င်း၏ ပထမဆုံး နိုင်ငံတကာ Global Flagship Theme Park ကို တရုတ်နိုင်ငံပြင်ပတွင် ဘန်ကောက်မြို့၊ Siam Paragon ၏ ၅ ထပ်၌ ယနေ့မှ စတင်၍ ဖွင့်လှစ်လိုက်သည်။ Shenzhen Ledi Culture Co., Ltd နှင့် Siam Piwat တို့က ဘတ်ငွေ သန်း ၄၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည့် ဤ Theme Park သည် ၅,၀၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းကာ Edutainment (ပညာရေးနှင့် ဖျော်ဖြေရေး ပေါင်းစပ်ထားသော) အတွေ့အကြုံများပေးမည့် ဇုန် ၇ ခုနှင့် ကစားနည်း ၅၀၀ ကျော် ပါဝင်သည်။ ကစားနည်းများတွင် Sea-Merry-Go-Round နှင့် Fiship Tour ကဲ့သို့သော အဆင့်မြင့်နည်းပညာသုံး စက်ကစားနည်းများအပြင် ကိုရီးယား D’strict နှင့် ပူးပေါင်းထားသည့် Digital Art ဇုန်များလည်း ပါဝင်သည်။ ဘေးကင်းလုံခြုံရေးအတွက် ကလေးများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်သည့် Location Tracking ပါသော စမတ်လက်ပတ်များကို ပေးအပ်ထားပြီး၊ ဆရာဝန်နှင့် သူနာပြုအဖွဲ့များ အပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများလည်း ရှိကြောင်း သိရသည်။
Dec 09 • 1:11 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


