လူအများစု အသုံးပြုတဲ့ ဂျပန်အဲကွန်း ထုတ်လုပ်သည့် Daikin စက်ရုံသည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် အလုပ်သမားများနှင့် နှစ်ပတ်လည် ဘောနပ်စ် ကိစ္စနှင့် ပတ်သက်၍ ၁၂ ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ဒီဇင်ဘာ ၆ ရက်နေ့မှ စတင်၍ စက်ရုံအား သော့ပိတ်ကာ (lockout) အလုပ်သမား ၁,၃၀၀ ကို အလုပ်လာဆင်းခွင့် မပြုတော့ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ အဓိက အငြင်းပွားရသည့် အကြောင်းရင်းများ:* ဘောနပ်စ် ညှိနှိုင်းမရခြင်း:
* စက်ရုံသည် ပြီးခဲ့သည့်နှစ်တွင် ဘတ် ၅ ဒသမ ၉ ဘီလီယံ အမြတ်ရခဲ့သော်လည်း အလုပ်သမားများ တောင်းဆိုသော ၈ လစာ + ဘတ် ၂၄,၀၀၀ ကို မပေးဘဲ၊ ၆ လစာ + ဘတ် ၁၂,၀၀၀ ကိုသာ ပေးနိုင်သည်ဟု ဆိုသည်။ရွှေသားဆု လျှော့ချခြင်း၊
ရွှေစျေး ၅၅% မြင့်တက်လာခြင်းကြောင့် စက်ရုံထုံးစံအရ ပေးအပ်သော လုပ်သက်ရင့်သူများအတွက် ရွှေ ၃ ဘတ် (တန်ဖိုး ဘတ် ၁၉၂,၀၀၀) အစား ဘတ် ၄၀,၀၀၀ သာ ပေးမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ရာ အလုပ်သမားများ မကျေနပ်မှုများ ဖြစ်ပွားခဲ့သည်။ သော့ပိတ်ခြင်း (Lockout) ဆိုသည်မှာထိုင်းနိုင်ငံ အလုပ်သမားဆက်ဆံရေး ဥပဒေအရ ညှိနှိုင်းမှု မပြေလည်ပါက အလုပ်ရှင်မှ စက်ရုံသော့ပိတ်နိုင်ခွင့်ရှိသည်။ သို့သော် ၎င်းသည် အလုပ်ထုတ်ခြင်း မဟုတ်သော်လည်း ပိတ်ထားသည့်ကာလအတွင်း အလုပ်သမားများသည် လစာခံစားခွင့် ရရှိမည်မဟုတ်ပါ။နောက်ထပ် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ တွင် ပြန်လည်စတင်ခဲ့ပါတယ်။



