back

ဂျပန်မှာ ပြင်းအား 7.6 ရှိငလျင်လှုပ်၍ ဆူနာမီသတိပေးချက်ထုတ်ပြန်ရ

Dec 08 • 4:42 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မှာ ပြင်းအား 7.6 ရှိငလျင်လှုပ်၍ ဆူနာမီသတိပေးချက်ထုတ်ပြန်ရ

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ညအနှောင်းပိုင်းက ရစ်ခ်တာစကေး ၇ ဒဿမ ၆ ရှိ သော ငလျင်လှုပ်၍ ဆူနာမီသတိပေးချက်များကို ထုတ်ပြန်ခဲ့ရကာ ဒေသခံများ...

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ညအနှောင်းပိုင်းက ရစ်ခ်တာစကေး ၇ ဒဿမ ၆ ရှိ သော ငလျင်လှုပ်၍ ဆူနာမီသတိပေးချက်များကို ထုတ်ပြန်ခဲ့ရကာ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ခဲ့သည်။ ည ၁၁း၁၅ နာရီအချိန်ခန့်၌ ကမ်းလွန်ရေပြင်တွင် ခန့်မှန်းခြေ ၇ ဒဿမ ၆ ပြင်းအားရှိ သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်၏ အရှေ့မြောက်ကမ်းရိုးတန်းဒေသကို ၃ မီတာအမြင့်ရှိ ဆူနာမီလှိုင်းရိုက်ခတ်နိုင်သည်ဟု ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။ 

    ဟော့ကိုင်းဒိုး၊ အေအိုမိုရီနှင့် အီဝါတေစီရင်စုဒေသများအတွက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အေအိုမိုရီ၏ မူစုအိုဂါဝါရာနှင့် ဟော့ကိုင်းဒိုး၏ ယူရာကာဝါဆိပ်ကမ်းများတွင် ညသန်းခေါင်မတိုင်မီအချိန်၌ ၄၀ စင်တီမီတာအမြင့်ရှိ ဆူနာမီလှိုင်းရိုက်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ 

     ငလျင်သည် အေအိုမိုရီစီရင်စုမှ ကမ်းရိုးတန်းအလွန် ၈၀ ကီလိုမီတာအကွာကို ဗဟိုပြု၍ အနက် ၅၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသဌာနက ဆက်လက်ပြောကြားခဲ့သည်။ 





news-view-count-icon

3