back

❝စစ်ဖြစ်နေသော်လည်း ကမ္ဘောဒီးယားတို့ SEA Games ဆက်ပြိုင်မည်❞

Dec 08 • 2:47 PM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

❝စစ်ဖြစ်နေသော်လည်း ကမ္ဘောဒီးယားတို့ SEA Games ဆက်ပြိုင်မည်❞

ပဋိပက္ခကြားက အားကစားစိတ်ဓာတ်- ကမ္ဘောဒီးယား အားကစားသမားတွေ ထိုင်းSEA Games အလံတင်အခမ်းအနားမှာ ပါဝင်မည်။ ၃၃ ကြိမ်မြောက် SEA Games ကို တရားဝင်ဖွင့်ပွဲ မနက်ဖြန် (၂၀...

ပဋိပက္ခကြားက အားကစားစိတ်ဓာတ်- ကမ္ဘောဒီးယား အားကစားသမားတွေ ထိုင်းSEA Games အလံတင်အခမ်းအနားမှာ ပါဝင်မည်။ ၃၃ ကြိမ်မြောက် SEA Games ကို တရားဝင်ဖွင့်ပွဲ မနက်ဖြန် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) မှာ လုပ်တော့မှာပါ။ အဲဒီအတွက် ဒီကနေ့ တနင်္လာနေ့မှာ ဘန်ကောက်မြို့၊ ဟွာမတ် မိုးလုံလေလုံ အားကစားရုံ (Indoor Stadium Huamark) မှာ လုပ်တဲ့ အလံတင်အခမ်းအနားမှာ ကမ္ဘောဒီးယား အားကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပေမဲ့ ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် SEA Games ကို ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။



news-view-count-icon

2