နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယဌာန(အဆောက်အအုံ) မှ သုခတော်ဝင် အိမ်ရာအပိုင်း(၂) ဆောက်လုပ်ခြင်းလုပ်ငန်းများမှ 4U4S(3 Bed)သံကူကွန်ကရစ် အဆောက်အဦ(၁၂)လုံး၊ (1092 Sqft) အိမ်ခန်း(၁၉၂)ခန်း ဆောက်လုပ်ခြင်းလုပ်ငန်း Lot(၆)ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေတယ်လို့သိရပါတယ်။တင်ဒါပုံစံဝယ်ယူခြင်း ၊တင်သွင်းခြင်းနှင့်ပတ်သက်ပြီးတင်ဒါပုံစံများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့တွင်ထုတ်ပေးမှာဖြစ်ပြီးတင်ဒါပိတ်မဲ့ရက်ကိုတော့ ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့နောက်ဆုံးထားပြီးတင်သွင်းရမှာဖြစ်တယ်လို့လည်းသိရပြီးတင်ဒါဖောင်များကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)နေပြည်တော်စည်ပင်သာယာရေးကော်မတီမှာပေးသွင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။



