ဂျပန်နိုင်ငံ၏ ပျမ်းမျှလက်လီဆန်ဈေးနှုန်းသည် စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သုံးပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စံချိန်သစ်တင်ကာ မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့အထိ ရက်သတ္တပတ်အတွင်း ဂျပန်တစ်ဝန်းရှိ စူပါမားကတ် ၁,၀၀၀ ခန့်တွင် ရောင်းချသည့် ပျမ်းမျှဆန်ဈေးနှုန်းမှာ ၅ ကီလိုဂရမ်လျှင် ယခင်တစ်ပတ်ထက် ယန်း ၂၃ တက်လာပြီး ယန်း ၄,၃၃၅ သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ် မတ်လက စတင်စစ်တမ်းကောက်ယူခဲ့သည့်အချိန်မှစ၍ အမြင့်ဆုံးဈေးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
| 15 | 0 | 0 | 0 |


