ပြည်တွင်းတွင်လူကြိုက်များသော စီးကရက်ဆေးလိပ်များဈေးမြင့်မားလာခြင်းကြောင့် ဈေးနှုန်းသက်သာသည့် ဆေးပေါ့လိပ်များကို ပိုမိုသောက်သုံးလာကြပြီး ဈေးကွက်အတွင်းမှာလည်း ယခင်ထက်ရောင်းအား ပိုမိုကောင်းလာကြောင်း ဆေးလိပ်အမျိုးအမျိုးရောင်းချသူများထံ မှ သိရသည်။လက်ရှိဆေးလိပ်ဈေးကွက်တွင် လူသောက်များသည့် စီးကရက်တစ်လိပ်ကို အနည်းဆုံးငွေကျပ် ၄၀၀ မှ ၈၀၀ အထိ ရှိလာခြင်းကြောင့် ဆေးလိပ်ကြိုက်နှစ်သက်သူများ ရေရှည်တွင်ကုန်ကျစရိတ်များလာသဖြင့် ဈေးနှုန်းသက်သာသည့် ဆေးပေါ့လိပ်များဘက်သို့ ပိုမိုသောက်သုံးမှုများလာပြီး ဈေးနှုန်းအားဖြင့်လည်း ဆယ်လိပ်ပါဆေးပေါ့လိပ်တစ်ထုပ်ကို အနည်းဆုံး ငွေကျပ် ၁,၀၀၀ မှ ၁,၅၀၀ အထိ ပေးရကြောင်း သိရသည်။ဈေးသက်သောဆေးပေါလိပ်များလည်း ရောင်းအားကောင်းလာခြင်းကြောင့် ဈေးနှုန်းအားဖြင့် ငါးလိပ်ပါ သုံးရာတန်တစ်ထုပ်ကို ခြောက်ရာကျပ်၊ ဆယ်လိပ်ပါ ခုနှစ်ရာတန်တစ်ထုပ်ကို ထောင့်နှစ်ရာကျပ်စသဖြင့် ဈေးကွက်အတွင်း ယခင်ထက်ဈေးအနည်းငယ်တက်လာကြောင်း သိရသည်။
ပြည်တွင်းတွင် စီးကရက်ဈေးမြင့်တက်ခြင်းကြောင့် ဈေးသက်သာသည့်ဆေးပေါ့လိပ်များ ရောင်းအားတက်လာ
Dec 08 • 5:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 54 | 0 | 0 | 0 |


