တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ ၈ ကြိမ်မြောက် ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲအတွက် မဲပေးမှုများကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက စတင်ခဲ့ကြောင်း သိရသည်။ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မဲရုံများမဖွင့်လှစ်မီကပင် ဟောင်ကောင်ဒေသအနှံ့ရှိ မဲရုံများစွာ၏ အပြင်ဘက်၌ ဒေသခံများက လူတန်းရှည်ကြီးများအဖြစ် စောင့်ဆိုင်းနေခဲ့ကာ မဲရုံများ၏ ဝင်ပေါက်များတွင် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက လာရောက်မဲပေးသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဂရုတစိုက် အကူအညီပေးခဲ့ကြသည်။ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင် မဲပေးမှုများပြီးဆုံးမည်ဖြစ်ကာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ၄.၁၃ သန်းခန့် လာရောက်မဲပေးနိုင်ရေးအတွက် ဟောင်ကောင်ဒေသအနှံ့တွင် မဲရုံ ၆၀၀ ကျော်အား ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
Dec 08 • 4:19 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


