back

ထိုင်းနဲ့ ကမ္ဘောဒီးယား ဒီမနက် စစ်ပွဲပြန်စ

Dec 08 • 4:16 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

breaking-news
cover

ထိုင်းနဲ့ ကမ္ဘောဒီးယား ဒီမနက် စစ်ပွဲပြန်စ

ကမ္ဘောဒီးယားဘက်က ဒီမနက်မှာ BM-21 Rockets တွေနဲ့ လူနေရာအရပ်တွေကို ပစ်ခတ်လို့ ထိုင်း- ကမ္ဘောဒီးယားစစ်ပွဲ ပြန်စပြီလို့ ပြောလို့ရနေပြီ ဖြစ်ပါတယ်။ထိုင်းဘက်ကလည်း F-16...


ကမ္ဘောဒီးယားဘက်က ဒီမနက်မှာ BM-21 Rockets တွေနဲ့ လူနေရာအရပ်တွေကို ပစ်ခတ်လို့ ထိုင်း- ကမ္ဘောဒီးယားစစ်ပွဲ ပြန်စပြီလို့ ပြောလို့ရနေပြီ ဖြစ်ပါတယ်။ထိုင်းဘက်ကလည်း F-16 Jet တွေသုံးပြီး တိုက်နေပါသည်။ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှစတင်၍ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်မြေအတွင်းရှိ စစ်စခန်းအဖြစ် အသုံးပြုနေသော ကာစီနိုရုံတစ်ခုကို ဗုံးကျဲချလိုက်ပြီး ကမ္ဘောဒီးယားကလည်း ထိုင်းဘက်သို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ကလည်း ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း ထိုင်း စစ်သား ၁ ဦးသေဆုံးခဲ့ကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။လက်ရှိ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ကလည်း အငြင်းပွားနေသည့် နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းပြီး လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးခေါ်ယူ နေကြောင်း၊ ထိုင်းစစ်တပ်၏ အဆိုအရ ကမ္ဘောဒီးယားက လက်နက်ကြီးများနှင့် အမြောက်များကို နယ်စပ်သို့ ရွှေ့ပြောင်းနေကာ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သတင်းများက ဆိုသည်။

news-view-count-icon

23