မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ စာဖြေရက်ကြေညာ

Dec 08 • 4:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ စာဖြေရက်ကြေညာ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ တေရသမ (၁၃)ကြိမ်မြောက်သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ကျောင်းစာဖြေဌာနများ၏ မူလတန်းနှင့် အလယ်တန်းအတွက် စာဖြေဆိုရ...


မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ တေရသမ (၁၃)ကြိမ်မြောက်သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ကျောင်းစာဖြေဌာနများ၏ မူလတန်းနှင့် အလယ်တန်းအတွက် စာဖြေဆိုရက်ကို ယခင်သတ်မှတ်ထားသည့် ၃-၁-၂၀၂၆ ရက်ကို ပယ်ဖျက်၍၁၀-၁-၂၀၂၆ ရက် နံနက် ၉ နာရီတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။သို့ဖြစ်ရာ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စာရင်းဖြည့်သွင်းရန် Google Form Link အား စာသင်ကျောင်းများစုံညီ Viber Group မှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး ဖြေဆိုကျောင်းသား၊ ကျောင်းသူာရင်းများကို ၂၈-၁၂-၂၀၂၅ ရက်အထိ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) စာမေးပွဲ ဦးဆောင်ကျင်းပရေးကော်မတီက ထုတ်ပြန်သည့်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး စာဖြေ ဌာနတွင် ၁၅၃ ဦး၊ ပဲခူးတိုင်းဒေသကြီး

ဒိုက်ဦးမြို့ စာဖြေဌာနတွင် ၆၁ ဦးဖြစ်ကြောင်း သိရသည်။

news-view-count-icon

35