ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) ကနေဦးဆောင်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့ကနေ ဒီဇင်ဘာလ( ၂ ) ရက်နေ့အထိ ဇုံ -၂၊ အုပ်စု -၂ မှာရှိတဲ့ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲအသီးသီးတို့ကို တောင်မြင့်ရေပူတောင်ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း KNEC ပညာရေးဇုံ -၂ မှာရှိတဲ့ အုပ်စု - ၂ အတွင်း မူလတန်းအဆင့် ပညာရေးကျောင်းပေါင်း ( ၉ )ကျောင်းရဲ့ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပြီး အားကစားပြိုင်ပွဲအပြီးမှာတော့ ဒုတိယနှစ်ဝက် စာမေးပွဲကို ဖြေဆိုသွားကြရမှာဖြစ်တယ်လို့ သိရပါတယ်။



