ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ဒီဇင်ဘာလ ၃ ရက်မှ ၆ ရက်အတွင်း မီးလောင်မှု ၇ ကြိမ်ဖြစ်ပွား

Dec 08 • 1:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ဒီဇင်ဘာလ ၃ ရက်မှ ၆ ရက်အတွင်း မီးလောင်မှု ၇ ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အတွင်း မီးလောင်မှုစုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏...

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အတွင်း မီးလောင်မှုစုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ရန်ကုန်တိုင်းတွင် မှော်ဘီမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များ၌ နေအိမ်များနှင့် ငရုတ်သီးမှုန့်စက်ရုံတို့ မီးလောင်ခဲ့ပြီး၊ မန္တလေးတိုင်းတွင်မူ သာစည်မြို့နယ်၌ ဆီဘောက်ဆာယာဉ်မီးလောင်မှု၊ မဟာအောင်မြေမြို့နယ်၌ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လက်ဖက်ရည်ဆိုင်မီးလောင်မှုနှင့် ချမ်းမြသာစည်မြို့နယ်၌ နေအိမ်/ဂိုဒေါင်မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဒီဇင်ဘာ ၄ ရက်က မဟာအောင်မြေမြို့နယ်၊ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် မီးလောင်မှုအတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မျက်နှာ၊ လည်ပင်း၊ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့တွင် စိုးရိမ်ရသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

37