back

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဆီးဂိမ်းပြိုင်ပွဲ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Dec 08 • 1:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဆီးဂိမ်းပြိုင်ပွဲ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် (၃၃) က...

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) သို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန်အတွက် ယနေ့ ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း အပါအဝင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့ဝင်အချို့ လိုက်ပါသွားခဲ့ကြသည်။

news-view-count-icon

25