အုပ်စုအဖွင့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက် တွင် မလေးရှားအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ပရိသတ်များ အဆင်ပြေစွာ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ဝင်ပေါက်များ သတ်မှတ်ပေးထားပြီး၊ QR ကုဒ်ပါသူများ Gate 12 မှလည်းကောင်း၊ QR ကုဒ်မရှိသူများ Walk-in (Passports Soft Copy/ Physical Copy ယူဆောင်ရန်) ဖြင့် Gate 13 မှလည်းကောင်း ဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။ ကွင်းအတွင်းသို့ အရက်ပါသော သောက်ရေဗူးများ၊ သံဗူးများ၊ DSLR ကင်မရာများ၊ ဒရုန်းများ အပါအဝင် တားမြစ်ပစ္စည်းများ ယူဆောင်ခွင့်မပြုကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ထားပြီး၊ မြန်မာပရိသတ်များအား စည်းကမ်းရှိစွာနှင့် ညီညွတ်စွာ အားပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
အုပ်စုအဖွင့်ပွဲလှခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း မနက်ဖြန် ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားနှင့် အုပ်စုဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမည်
Dec 08 • 1:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


