back

မုံရွာမြို့ သာစံကျောင်းတိုက်မှ သက်တော် ၁၀၂ နှစ်ရှိ ရာကျော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာ ချင်းတွင်းမြစ်သဲသောင်ပြင်၌ ကျင်းပ

Dec 08 • 1:15 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာမြို့ သာစံကျောင်းတိုက်မှ သက်တော် ၁၀၂ နှစ်ရှိ ရာကျော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာ ချင်းတွင်းမြစ်သဲသောင်ပြင်၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစံကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ သက်တော် (၁၀၂) နှစ်၊ ဝါတော် (၈၂) ဝါရှိ ရာကျော်သာစံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာ ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစံကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ သက်တော် (၁၀၂) နှစ်၊ ဝါတော် (၈၂) ဝါရှိ ရာကျော်သာစံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ချင်းတွင်းမြစ်သဲသောင်ပြင်သို့ ပင့်ဆောင်ကာ ညနေ ၃ နာရီခွဲတွင် မီးပူဇော်ခဲ့ကြပြီး၊ ဒီဇင်ဘာ ၆ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် အခမ်းအနားများတွင် ရုပ်ကလာပ်တော် စံကျောင်းချပွဲနှင့် ဇင်မာအောင် (အားမာန်သစ်အငြိမ့်) အဖွဲ့က ဧယာဉ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်တွင် ဆရာတော်ကြီး၏ အရိုးတော်နှင့် ပြာတော်များကို ကောက်ယူကာ ကရဝိတ်ဖောင်တော်ဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ဆရာတော်ကြီး၏ ဇာတိဖြစ်သော မိုးကြိုးပြင်ရွာသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30