ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းမျိုးစိတ် ၄၀ ခန့်ပါဝင်သည့် ပန်းပင်ပေါင်း နှစ်သိန်းကျော်ကို ပြကွက်အလိုက် ခင်းကျင်းပြသ

Dec 08 • 1:12 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းမျိုးစိတ် ၄၀ ခန့်ပါဝင်သည့် ပန်းပင်ပေါင်း နှစ်သိန်းကျော်ကို ပြကွက်အလိုက် ခင်းကျင်းပြသ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပသည့် ပန်းပွဲတော်ကို ယခုနှစ်တွင် "Immersive Flowers Festival" အမည်ဖြင့် ဒီဇင်ဘာ...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပသည့် ပန်းပွဲတော်ကို ယခုနှစ်တွင် "Immersive Flowers Festival" အမည်ဖြင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ကျင်းပနေပြီဖြစ်ပြီး၊ ပန်းမျိုးစိတ် ၄၀ ခန့်ပါဝင်သော ပန်းပင်အရေအတွက် နှစ်သိန်းကျော်ကို ပြကွက်အလိုက် ခင်းကျင်းပြသထားကြောင်း သိရသည်။ ဤပန်းပွဲတော်ကို ဥယျာဉ်၏ သမိုင်းအစဉ်အလာကို ဂုဏ်ယူနိုင်စေရန်၊ ရုက္ခဗေဒပညာရပ်၏ အရေးပါမှုကို သိရှိလာစေရန်၊ ပြည်သူများ ဗဟုသုတတိုးပွားကာ စိတ်ကြည်နူးစွာ အပန်းဖြေနိုင်စေရန်နှင့် ခရီးသွားကဏ္ဍကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာမျိုးအောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါ ပန်းပွဲတော်ကို ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

22