ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်တွင် ဒီဇင်ဘာလ ၆ ရက် ညနေပိုင်း ၆ နာရီ ၄၀ မိနစ် အချိန် အောင်ပြေရပ်ကွက်၊ "ရွှေဝါထွန်း" လယ်ယာသုံးထွန်းစက်အရောင်းဆိုင်ရှေ့ ၊ ရွှေညောင်-တောင်ကြီး ပြည်ထောင်စုလမ်းကြီးတွင် အန်စာတုံး ကား နှင့် မော်တော်ဆိုင်ကယ် တို့ တိုက်မိကြခြင်း ဖြစ်သည်။ထို ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာသော အသက် (၁၅) နှစ် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ အသက် ၁၄ နှစ် အရွယ် Grade-7 လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ ထို ဆေးရုံတင်ထားရသည့် လူငယ်ကို ဦးခေါင်း CT Scan ရိုက်ထားပြီး အဖြေမသိရသေးကြောင်း ၊ ညာဘက် ပေါင်ကျိုး ၊ လက်ခလယ် ကျိုးသွားကြောင်း ၊ ဘယ်ဘက်လက် နှစ်ချောင်းလည်း အပြင်းအထန် ဒဏ်ရာ များ ရရှိကြောင်း သိရသည်။



