ဂျပန်နိုင်ငံတွင် ဆရာဝန်များ မညီမညာဖြစ်မှုကို ဖြေရှင်းရန် ဥပဒေပါ အရေးယူဆောင်ရွက်မှုများကို 2026 ခုနှစ် ဧပြီလမှ စတင်ကာ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ဂျပန်ပါလီမန်သည် နိုင်ငံအတွင်း ဆရာဝန်များ မညီမညာဖြစ်မှုကို ဖြေရှင်းရန်နှင့် ဆေးဘက်ဆိုင်ရာကဏ္ဍတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ရပ်ကို သောကြာနေ့တွင် အတည်ပြုခဲ့သည်။အဆိုပါ ဆေးဝါးကုသရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ပြင်ဆင်သည့်ဥပဒေပါ အစီအမံများကို 2026 ခုနှစ် ဧပြီလမှစတင်၍ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ပြင်ဆင်သည့်ဥပဒေအောက်တွင် စီရင်စုအစိုးရများသည် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများပေးဆောင်ရန် ရုန်းကန်နေရသောဒေသများကို ဆရာဝန်များ အထူးကြပ်မတ်စွာ လုံခြုံစေသင့်သည့်နယ်မြေများအဖြစ် သတ်မှတ်နိုင်သည်။ ပြည်သူ့ဆေးဘက်ဆိုင်ရာ အာမခံအစီအစဉ်များမှ ပရီမီယံငွေများကို အသုံးပြုကာ အဆိုပါဒေသများတွင် အလုပ်လုပ်နေသော ဆရာဝန်များအား ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်သည်။



